တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို ၂၀၂၅ ခု၊ ဖေဖော်ဝါရီလ (၁) ရက်၊ နံနက် (၉:၀၀) နာရီတွင် မကွေးမြို့၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး (ငြိမ်း) ဆရာမကြီး ဒေါ်တင်တင်အောင် မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အခမ်းအနားမှူးများအဖြစ် သရက်ခရိုင်၊ မင်းလှမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့မှ ဆောင်ရွက်ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူမာကို၊ အောင်လံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဖောရောဂါအားလေ့လာတင်ပြခြင်း စာတမ်းအား ဖတ်ကြားဆွေးနွေး တင်ပြပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် ဦးစီးအရာရှိ၊ (မကွေး၊ ပခုက္ကူ၊ ရေနံချောင်း) တိုင်းရင်းဆေးရုံများမှ ဆရာ၊ ဆရာမများ၊ (မကွေး၊ မင်းဘူး၊ သရက်) ခရိုင်နှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) တွဲဖက်အတွင်းရေးမှူး ဆရာကြီး နှင့် မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးဆရာအသင်း (တိုင်း၊ခရိုင်၊မြို့နယ်အသင်း)တို့မှ ဆရာကြီး၊ ဆရာမကြီးများနှင့် တိုင်းရင်းဆေးပညာ စိတ်ပါဝင်စားသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ပြီး စာတမ်းနှင့်ပတ်သတ်၍ သိလိုသည် များကို မေးမြန်းဆွေးနွေးဖြေကြားပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီ တွင် ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။