မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅-၉-၂၀၂၅) ရက်နေ့၊ နံနက် (၈:၀၀) နာရီခွဲ အချိန်တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မေဦးသည် ငှက်ပစ်တောင် ဘိုးဘွားရိပ်သာတရားစခန်းသို့သွား ရောက်၍ ဘိုးဘွားများနှင့် တရားစခန်း၀င် ယောဂီများ ကျား (၂၀) ဦး၊ မ (၃၀)ဦး၊ စုစုပေါင်း (၅၀) ဦးအား ကွင်းဆင်းဆေးကုသ ခြင်းဆောင်ရွက် ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။