the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် (၃၀.၈.၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ညွန့်ညွန့်ခင်သည်  ပျဥ်းမနားမြို့ အုန်းတောပရိယတ္တိစာသင်တိုက်ရှိရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (ကွင်းဆင်းဆေးကုသခြင်း) ဆောင်ရွက်ခဲ့ရာ လူနာဦးရေ လူကြီး(ကျား) ၁၇ဦး လူကြီး (မ)၃၇ဦး စုစုပေါင်း ၅၄ဦး တို့အားတိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါကြောင်း နှင့် အများဆုံးကုသပေးခဲ့သောရောဂါမှာ အကြောတက်အကိုက်အခဲရောဂါ ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း