the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်တိုင်းရင်း‌ဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၆-၁၁-၂၀၂၅) ရက်နေ့တွင် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်တိုင်းရင်း‌‌ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးနေဝင်းအောင်နှင့် အဖွဲ့သည် သဲ‌‌ကောကြီးကျေးရွာသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းဆောင်ရွက်ခဲ့ရာ ရောဂါမှာဒူးနာ၊ ခါးနာ အဆစ်နာရောဂါ ကျား လူကြီး (၁၀)ဦး၊ မ (၂၀)ဦး၊ လူနာစုစုပေါင်း (၃၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှုများပေးခဲ့ပြီး ကျန်းမာရေးအသိပညာပေးဟောပြောခြင်းအား  တိုင်းရင်းဆေးဝါများတွင် အနတ ဆေးရောနှောသည့် ဆေးဝါးများရှိသည့်အတွက် စစ်မှန်သောတိုင်းရင်းဆေးဝါးများနှင့် မှတ်ပုံတင်အမှတ်ပါရှိသော တိုင်းရင်းဆေးများကိုသာ သုံးစွဲ‌ကြစေရန် ပြည်သူ (၂၅)ဦးအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း