အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် နေပြည်တော် တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးရုံးမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်သိန်းသိန်းဦး ဆောင်ရွက်ခဲ့ပြီး ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းမိုး မှ “မီးယပ်စတွင်ဖြစ်တတ်သောရောဂါ” စာတမ်းအား ဖတ်ကြားတင်ပြ ဆွေးနွေး ပြီး၊ စာတမ်းကြီးကြပ်သူ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်တင်အုံးရီ မှ ဖတ်ကြားခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေ၊ ကုသရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြတ်နှင့် တာဝန်ရှိသူများ၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများ စုစုပေါင်း (၃၉)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။