၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနား ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ဆရာကြီးဦးစိုးဝင်း (အဖွဲ့ဝင်)၊ တိုင်းရင်းဆေးပညာ ရပ်ဆိုင်ရာအကြံပေးအဖွဲ့ က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ကြီး၊ နေပြည်တော်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နန်းမွန်အေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နှင်းဆုရည်အောင် တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြသက်နွယ် က “အဖောရောဂါ”ကို ကာကွယ်ကုသခြင်းအား ဖတ်ကြားတင်ပြ ဆွေးနွေးပြီး တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) (၁)ဦး၊ နေပြည်တော်တိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး(၁)ဦး နှင့် ဦးစီးအရာရှိ(၁)ဦး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေး ရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ ဆရာမများ၊ အလုပ်သင်ဆရာ/ ဆရာမများ (၅၄)ဦး စုစုပေါင်း(၅၇)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦးက ချီးမြှင့်သောချီးမြှင့်ငွေကျပ်(၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ (အဖွဲ့ဝင်) ဆရာကြီးဦးစိုးဝင်း က ဆုချီး မြှင့်ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်း ဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ပံ့ပိုးကူညီးကာ အခမ်းအနားကို ညနေ (၃ : ၃၀) နာရီ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။