the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် “ မီးယပ်ဖြူဆင်းခြင်းရောဂါ ” ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၆)ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာ ပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို က ဆောင်ရွက်ကာ အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်း ဆေးရုံကြီး၊ နေပြည်တော်မှ တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းမိုးနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်စိုး တို့က ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ စာတမ်းရှင် ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်မြသင်းကြူ က မီးယပ်ဖြူဆင်းခြင်းရောဂါကို ကုထုံးအစဉ်ဖြင့် ကုသခြင်းအား လေ့လာ တင်ပြခြင်းအကြောင်းကို ဖတ်ကြားဆွေးနွေးပြီး နေပြည်တော် တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး(၁)ဦး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချိုနှင့် ဆရာ/ဆရာမ(၃၇)ဦး စုစုပေါင်း(၃၈)ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။

          စာတမ်းတင်ပြဆွေးနွေးပေးပါသောစာတမ်းရှင်အား “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ချီးမြှင့်သောချီးမြှင့်ငွေ ကျပ်(၁)သိန်းတိတိကို ဆရာကြီး ဦးမောင်မောင်ဦး ကိုယ်စား သဘာပတိ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို က ဆုချီးမြှင့်ခဲ့ပါသည်။

          အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆေးရုံးအုပ်ကြီး ဒေါ်မူမူချိုမှ ဦးဆောင်ပြီး “ဂရိတ်ဝေါ” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီးဦးမောင်မောင်ဦး က ပံ့ပိုးကူညီကာ အခမ်းအနားကို ညနေ(၄:၀၀) နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ