the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုနယ်မြေ၊ ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးကြီး နေပြည်တော်မှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် ၂၀၂၆ ခုနှစ် ‌၊ဇန်နဝါရီလ (၁၆)ရက်နေ့တွင် သမဝါယမဝန်ကြီးဌာန‌၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကွင်းဆင်း‌ ဆေးကုသမှု ပြုလုပ်ခဲ့ရာ သမဝါယမဝန်ကြီးဌာနအောက်ရှိဌာနများမှ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး အသိပညာရရှိစေရန်အတွက် တိုင်းရင်း‌ဆေးပညာအကြောင်း သိကောင်းစရာနှင့် ကျန်းမာ စေကြောင်း နည်းလမ်းကောင်းများခေါင်းစဉ်၊ နေပြည်တော်တိုင်းရင်းဆေးရုံအကြောင်း လက်ခံ ကုသပေးသောရောဂါဝေဒနာများအကြောင်း ဟောပြောခဲ့ပြီး ကျား (၁၁) ဦး၊ မ( ၆၀ )ဦး၊ လူနာစုစုပေါင်း (၇၁)ဦးအား နေ့လယ် (၁:၀၀)နာရီမှ ညနေ(၃:၀၀) နာရီထိ ဆေးကုသမှုပေးခဲ့ ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း