ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ပြည်ခရိုင်၊ ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၇.၉.၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ သည် ပြည်မြို့ခေတ္တရာဘိုးဘွားရိပ်သာရှိ အဘိုး (၁၁ )ဦး အဘွား (၁၄)ဦး ပေါင်း(၂၅) တို့အား ကွင်းဆင်းဆေးကုသပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။