ကျန်းမာရေး ဝန်ကြီး ဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချူပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှု ဖြင့် (၁၆)ခုတင်ဆံတိုင်းရင်းဆေးရုံ ကြို့ပင်ကောက်မြို့မှ ( ၁၂-၉-၂၀၂၅)ရက်နေ့တွင် ဒု -ဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုး ၊ဒုတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်နှင့် စာရေးဝန်ထမ်း (၃) ဦးတို့သည် ရွှေကြို့မြေဘိုးဘွားရိပ်သာ ကြို့ပင်ကောက်မြို့တွင် ကျား (၁၂) ဦး ၊မ ( ၁၃) ဦး၊ စုစုပေါင်း ( ၂၅ )ဦးအားတိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဒု - ဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုးမှ (အအေးမိ၊နှာစေး ၊ နှာပိတ် )ရောဂါအကြောင်းဆောင်ရန်၊ရှောင်ရန်များအားပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။