ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံတွင် (၂၅-၅-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေး CTMEအစီအစဉ်တွင် သဘာပတိအဖြစ် ညောင်လေးပင်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်ရီရီဝင်းက ဆောင်ရွက်ပီး အခမ်းအနားမှူးအဖြစ် အကြီးတန်းစာရေး ဒေါ်မြစန်းအေးမှဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် “အစာမကြေရောဂါ”ခေါင်းစဉ်ဖြင့် ဖြူးမြို့(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်နွယ်ဝင်းက ဖတ်ကြားခဲ့ပြီး စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့၍ တက်ရောက်သူများမှဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



