တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုးင်းဒေသကြီး တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွန်ချက်ဖြင့် ၁၇.၁၀.၂၀၂၄ ရက်နေ့တွင် ပြည်ခရိုင် ဝက်ထီးကန်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်သည် ဝက်ထီးကန်မြို့နယ် မဟာဝိဇယာရာမကျောင်းတိုက်တွင် ဥပုသ်သီလဆောက်တည် ကြသော အမျိုးသား(၄၅)ဦး၊ အမျိုးသမီး(၅၂)ဦး၊ စုစုပေါင်း (၉၇)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။