the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ကြို့ပင်ကောက်မြို့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနား ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ ကြို့ပင်ကောက်မြို့တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကို ပဲခူးတိုင်း​ဒေသကြီး​ဦးစီးဌာမှူး၏ လမ်းညွှန်ချက်ဖြင့် ကြို့ပင်ကောက်မြို့ (၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၌ (ပထမ) အကြိမ် “အဆစ်ရောင်ရောဂါစာတမ်း” ဖတ်ပွဲ အခမ်းအနားကို (၁၃-၇-၂၀၂၄) ရက်နေ့တွင် (ပထမ) အကြိမ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ အဆစ်ရောင်ရောဂါ စာတမ်းအား ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက်မှ ဖတ်​ကြားခဲ့ပြီး စာတမ်းဖတ်ပွဲသို့ (၂၁) ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ