ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီးတိုင်း ဒေသကြီးဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၈-၁၀-၂၀၂၅) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ဦးစီးဌာနမှူးရုံး၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ပဲခူးခရိုင်တိုင်းရင်းဆေးကုဌာန၊ ဒိုက်ဦးမြို့ နယ်တိုင်းရင်းဆေးကုဌာန၊ ညောင်လေးပင် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းခွဲ(ပဲခူးတိုင်းဒေသကြီး)တို့ ပူးပေါင်း၍ ညောင်လေးပင် ခရိုင်၊ ဒိုက်ဦးမြို့(၇)ရပ်ကွက်သီရိမဂ်လာပရိယတ္တိစာသင်တိုက်တွင် စုစုပေါင်း (၁၇၀) ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံတိုင်း ရင်းဆေးဆရာအသင်းခွဲ (ပဲခူးတိုင်းဒေသကြီး)၊ ပဲခူးခရိုင်တိုင်းရင်းဆေးမှူးတို့မှ တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ထိုသို့ ကွင်းဆင်း၍ ဆေးကုသမှုပေးခြင်း၊ အသိပညာပေးဟောပြောရာသို့ ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒိုက်ဦးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒိုက်ဦးမြို့အမှတ် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့က လာရောက်၍ လိုအပ်သည်များကို ပူပေါင်း ပံ့ပိုး ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။