the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) ကျင်းပပြုလုပ်ခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) (၂၈-၁-၂၀၂၅) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင်  သဘာပတိအဖြစ် ဆေးရုံအုပ် ဒေါ်သူဇာမြင့် မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဌာနခွဲစာရေး ဒေါ်စန္ဒာမြ နှင့် အကြီးတန်းစာရေး ဒေါ်၀င်းချိုဇင်ဦး တို့မှ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွယ်မာရီ က အဖောရောဂါစာတမ်းအားဖတ်ကြားပြီး လူဦးရေ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ပါသည်။ စာတမ်းရှင်မှ တက်ရောက်သူများ၏ မေးမြန်းဆွေးနွေးချက်များအားပြန်လည်ဖြေကြားပြီး အခမ်းအနားကို ညနေ (၃:၀၀)နာရီချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း