ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပြည်ခရိုင် ၀က်ထီးကန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၅-၀၉-၂၀၂၅) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စံရီတာသည် ၀က်ထီးကန်မြို့ အင်းလျားကျေးရွာဘုန်းကြီး ကျောင်းရိပ်သာသို့သွားရောက်၍ ကျား (၁၀)ဉီး၊ မ (၅)ဦး၊ စုစုပေါင်း (၁၅)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။