ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁-၉-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညိုသည် ဇီးကုန်းမြို့ ဘုရားကြီးကျောင်းတိုက် တရားစခန်း သို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ အမျိုးသားယောဂီ (၈)ဦးနှင့် အမျိုးသမီးယောဂီ (၂၈)ဦး၊ စုစုပေါင်း (၃၆)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။