ပဲခူးတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို "အရိုးကျီးပေါင်းရောဂါ" ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ရက် စနေနေ့နံနက်(၉)နာရီ တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) (ငြိမ်း) ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်/ဂုဏ်ထူးဆောင်ပါမောက္ခ တိုင်းရင်းဆေးတက္ကသိုလ်မှ ဆရာကြီး ဦးဝထွန်းက ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်နုနုဝေနှင့် ဒေါ်အိအိဖြိုးတို့က ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်သူက အရိုးကျီး ပေါင်းရောဂါအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ/ဆရာမ (၁၈) ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး(၂)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး တိုင်းဦးစီးဌာနမူး/ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၃)ဦး၊ ပဲခူးတိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်အပါအဝင် ဆရာ၊ ဆရာမ (၁၀)ဦး စုစုပေါင်း (၄၀)ဦး တက်ရောက်ကာ တိုင်းရင်းဆေးပညာဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဆရာကြီးများအားပူဇော်ကန်တော့ခဲ့ပါသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဒေဝယက္ခနှင့် စိန်ဘယက် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုး ကူညီခဲ့ကာ အခမ်းအနားကို နေ့လယ် ၁၂း၀၀ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်းသိရသည်။