တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) ၏ လမ်းညွှန်မှု၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၇-၁၁-၂၀၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်ဆွေဇင်ဖြိုးနှင့် အဖွဲ့သည် ရွှေကြို့မြေ ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ ကျား (၁၃) ဦး၊ မ (၁၅)ဦး၊ လူနာစုစုပေါင်း (၂၈)ဦးအား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

