ပခုက္ကူမြို့၊ရေစကြိုမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၃-၁၀-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ယုယုထွေးသည် စိတ္တသုခရပ်ကွက်၊ ရွှေတန်းဆာဘုရား အာရုံခံအတွင်း၌ ပြည်သူလူထုအား အရိုး၊အဆစ်နှင့် တိုင်းရင်းဆေးပညာ အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်သူ (၃၄)ဦး ရှိပြီး လူနာစုစုပေါင်း (၉၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။





