the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံမှ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာ ပေးဟောပြောခြင်း

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ၊ ခုတင်(၁၀၀)ဆံ့  တိုင်းရင်းဆေးရုံကြီးမှ ၂၀၂၅ခုနှစ်‌၊‌ အောက်တိုဘာလ ၊(၁၉) ရက်နေ့တွင် ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ သဲကောကြီး ကျေးရွာအုပ်စု၊ သဲကောကြီး ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ကျန်းမာရေးအသိပညာရရှိစေရန်အတွက် တိုင်းရင်း‌ဆေးပညာ အကြောင်း သိကောင်းစရာနှင့် ကျန်းမာစေကြောင်းနည်းလမ်းကောင်းများခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျေးလက်နေပြည်သူ (၆၈)ဦးအား ဆေးကုသမှုပေးခဲ့ပါသည်။ထိုသို့ ကွင်းဆင်းဆေးကုသရာ သို့ လယ်ဝေးမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းကူညီအားပေးခဲ့ကြကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း