ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ဥတ္တရခရိုင် တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၉-၈-၂၀၂၅ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင် နှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျည်းပင် အုပ်စု ရေတွင်းဖြူဘုန်းကြီးကျောင်း (ယာယီ)ရေဘေးကယ်ဆယ်ရေး စခန်းသို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ စုစုပေါင်း ၁၇ ဦးကို တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစော င့်ရှောက်မှုပေးခဲ့ ကြောင်းနှင့် အများဆုံးကုသပေးခဲ့သော ရောဂါမှာ အစာမကြေရောဂါဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။