ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် ဥတ္တရခရိုင်တပ်ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၈-၈-၂၀၂၅ ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူလွင် နှင့် အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ မကျည်း ပင်အုပ်စု ရေတွင်းဖြူဘုန်းကြီးကျောင်း (ယာယီ)ရေဘေးကယ်ဆယ်ရေး စခန်းသို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ လူနာဦးရေ ကျား ၃၀ဦး မ. ၃၀ဦး စုစုပေါင်း ၆၀ဦးကို တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပြီးအများဆုံးကုသပေးခဲ့သောရောဂါမှာ သွေးတိုးရောဂါနှင့် အကြောတက်ကိုက်ခဲ ရောဂါဖြစ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။