the republic of the union of myanmar

ministry of health

Department of Traditional Medicine

နေပြည်တော် ဒက္ခိဏခရိုင်၊ အေလာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၉.၈.၂၀၂၅)ရက်၊ သောကြာနေ့.၊ နံနက် (၉)နာရီမှ နေ့လယ် (၁)နာရီ အချိန်တွင် ဒက္ခိဏခရိုင်၊ အေလာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဝင်း သည်  လယ်ဝေးမြို့နယ်၊ ပိတောက်ချောင်ကျေးရွာ၊ ရွှေပန်းတောက်ဘုန်းတော်ကြီးကျောင်းရှိ "ရေဘေးကယ်ဆယ်ရေး စခန်း" သို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း(ကွင်းဆင်းဆေးကုသခြင်း)

ဆောင်ရွက်ခဲ့ရာ လူနာဦးရေ  စုစုပေါင်း (၅၂) ဦးကို တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းနှင့် အများဆုံးကုသပေးခဲ့သော ရောဂါမှာ အကြောတက်ကိုက်ခဲရောဂါဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း