ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှုဖြင့် (၂၈.၈.၂၀၂၅)ရက်၊ ကြာသပတေးနေ့.၊ နေ့လယ် (၁)နာရီမှ ညနေ(၄)နာရီ အချိန်တွင် ဒက္ခိဏခရိုင်၊ အေလာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သန္တာဝင်း သည် အေလာကျေးရွာ၊ ဂိုဏ်းထောက်ကျောင်း ဘုန်းကြီးကျောင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်း" သို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း(ကွင်းဆင်းဆေးကုသခြင်း) ဆောင်ရွက်ခဲ့ရာ လူနာဦးရေ ကျား၂၉ ဦး မ ၁၈ ဦး စုစုပေါင်း (၄၇) ဦးကို တိုင်းရင်းဆေးပညာဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် အများဆုံးကုသပေးခဲ့သော ရောဂါမှာ အရိုးအဆစ်ရောင်ရမ်းနာ (ဒူ၊ ခါး၊ဇက်)ရောဂါဖြစ်ပါသည်။