နေပြည်တော်ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသည့် ပျဥ်းမနားမြိုနယ် ဇဗ္ဗူသီရိဗိမ္မာန်တော်ကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုဆေးကုသခြင်း ဆောင်ရွက်ပေး လျက်ရှိရာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၃၆ဦးစုစုပေါင်း ၅၀ ဦးကုသပေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ရေဘေးကယ်ဆယ်ရေးစခန်း ဥပါတ္တသန္တိဘုရားကြီး တပေါင်းကွင်းတွင်လူနာစုစုပေါင်း ၇၂ ဦးကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။