ယင်းသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်းတွေ့ရှိရသော ရွှေထီးအမှတ်တံဆိပ် အမျိုးသား အကြောသန်သောက်ဆေးနှင့် နေကြာပန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးသည် တိုင်းရင်း ဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်းနှင့် ပျော်စံရာ အမှတ်တံဆိပ် အမျိုးသားခွန်အားတိုးဆေးသည် အခြားဆေး၏ တိုင်းရင်းဆေးဝါး မှတ်ပုံတင်အမှတ်- TMR နံပါတ်အား ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ခွင့်ပြုထားမှုမရှိခြင်းတို့ကြောင့် ဆေးဝါးစစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။