the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူးရုံး၊ ဟားခါးခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံ တိုင်းရင်းဆေးပညာသင်တန်း ဖွင့်ပွဲ

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူးရုံး၊ ဟားခါးခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေခံ တိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၅-၃-၂၀၂၄ ရက်နေ့တွင် ဟားခါးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က  တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် တိုင်းရင်းဆေးပညာရပ်သည် ကောင်းမွန် တဲ့ သမိုင်းအစဉ်အလာများနဲ့အတူ ပြည်သူလူထုကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တောရော၊ မြို့ပါ မကျန်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါးဟူသည့် ဆောင်ပုဒ်အတိုင်း ခန္ဓာကိုယ်အတွက် သင့်တော်သည့် လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ခြင်းဖြင့် ရောဂါကာကွယ်ရန်နှင့် သိရှိလိုက်နာ စေရန်တို့ကို ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။    

ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ချင်းပြည်နယ်ဦးစီးဌာနမှူး ဒေါ်နီနီခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် သင်တန်းသား/သင်တန်းသူများကို နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လေထိုး လေအောင့်ရောဂါ နှင့် တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာ
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ တိုင်းရင်းဆေးပညာ
အအေးမိဖျားနာတုပ်ကွေးရောဂါမဖြစ်မီ ကြိုတင် ကာကွယ် ဂရုစိုက်နေထိုင်သင့်
ဆ ေးဖက်အသ ေးဝင် ဆပေါက်ပင