တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၀-၉-၂၀၂၅)ရက်နေ့ (၉း၀၀မှ၁၁း၀၀)နာရီထိ ဒေါ်ဝိုင်းမေ မြို့နယ်တိုင်းရင်းဆေးမှူး ဦးဆောင်သောအဖွဲ့သည် တံတားဦးမြို့၊ ပန်းယျကျေးရွာအမကသိ၌ ကျောင်းကျန်းမာရေး ကွင်းဆင်း ဆေးကုသခြင်းဆောင်ရွက်ရာ စုစုပေါင်း(၄၃)ဦးတို့အားဆေးကုသပေးမှုများဆောင်ရွက်နိုင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။