ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ) က ကြီးမှူးဖွင့်လှစ်သော သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်း ကို ရွှေတိဂုံစေတီ တောင်ဘက်မုခ်အနီး တပ်မတော်ဓမ္မာရုံ၌ (၈-၁၀-၂၀၂၅ )ရက်နေ့မှ (၁၂-၁၀-၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်ရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူးဦးဆောင်၍ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်၊ ဒု-တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ အကြီးတန်းစာရေး ဒေါ်မေဇော်ဇော်ချိုတို့ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့က ဆရာတော်၊ သံဃာတော်များနှင့် ကြွရောက်လာကြသော ပရိတ်သတ်တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။