the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန၊ခုတင်(၁၀၀)ဆံတိုင်းရင်းဆေးရုံ၊ မြန်မာနိုင်ငံတိုင်းရင်းဆေး ဆရာအသင်း(ရန်ကုန်)နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများပူးပေါင်း ပါဝင်သောအဖွဲ့ ကွင်းဆင်းဆေးကုသ

​တိုင်းရင်းဆေးပညာဦးစီးဌာန၊ခုတင်(၁၀၀)ဆံတိုင်းရင်းဆေးရုံ၊ မြန်မာနိုင်ငံတိုင်းရင်း​ဆေး ဆရာအသင်း(ရန်ကုန်)နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်သူများပူးပေါင်း ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ရန်ကုန်အတိုင်း​​ဒေသ​ကြီး၊ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေပြည်သူများအား (၁၆၈)ရပ်ကွက်၊ လှသိင်္ဂီလမ်းရှိ အနန္တသုခမိုးကုတ် ဝိပဿနာကျောင်းတိုက်၌ (၅.၉.၂၀၂၅)ရက်နေ့ နံနက်(၉)နာရီမှနေ့လည်(၁)နာရီထိ လူနာစုစုပေါင်း(၂၈၅))ဦးအားကွင်းဆင်းဆေးကုသမှုများပြုလုပ်ပေးခဲ့ကြပါသည်။

ဆေးကုသမှူခံယူရန်လာရောက်သည့်ပြည်သူများားအား တိုင်းရင်းဆေးဝါးများနှင့်သွေးတိုး၊ဆီးချို၊ဒူးနာ၊ခါးနာ၊အဆစ်ရောင်လေးဘက်နာ၊အကြောတက်ကိုက်ခဲ၊လေဖြတ်လေငန်း၊အာရုံကြောအားနည်း၊မီးယပ်ရောဂါလူနာများကို သောက်ဆေးလိမ်းဆေးအပြင်လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအဖြစ်ကြပ်ထုပ်ထိုးကုသခြင်း၊အကြောပြင်ကုသခြင်း၊ဆေးစည်းပေးခြင်းများပြုလုပ်၍ကုသမှုများဆောင်ရွက်ခဲ့ကြသည်။တိုင်းရင်းဆေးဝါးထုတ်လုပ်သူများကလည်း​တိုင်းရင်း​​​ဆေးဝါးများအားလှူဒါန်းခဲ့​ကြပါသည်။ဆေးကုသရေးအစီအစဥ်တွင် ခုတင်(၁၀၀)တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီး  ဒေါ်စိုးစိုးမွန်၊အကြီးတန်းတိုင်းရင်းဆေးမှုး ဒေါ်ချောထက် ၊တိုင်းရင်းဆေးမှု ဒေါ်ဝေဝေနိုင်တို့မှပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း