the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်အသိပညာပေးရေး (CTME )အခမ်းအနား ပဲခူးမြို့ တိုင်းရင်းဆေရုံတွင် ကျင်းပ

            ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ဇွန်လ ( ၇ )ရက် ယနေ့  နံနက်ပိုင်းက တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်အသိပညာပေးရေး ( CTME )အခမ်းအနား  ပဲခူးမြို့ တိုင်းရင်းဆေရုံတွင် ကျင်းပခဲ့ပါသည်

          အဆိုပါတိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်အသိပညာပေးရေး (CTME)အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)(ငြိမ်း) ဆရာကြီးဦးဝထွန်းက ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပဲခူးမြို့၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ စာတမ်းရှင် ဒေါ်‌‌အေးမြတ်သူမှ ‌‌အအေးမိနှာစေးရောဂါကို ဆေးနံ့သာတုပ်ကွေးအဖျားပျောက်‌ဆေးဖြင့် ကုသခြင်းစာတမ်း'ကို ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ ဆရာ/ဆရာမများမှ သိရှိလိုသည်များဆွေးနွေးမေးမြန်းရာ   စာတမ်းရှင် ဆရာဦး‌အောင်စိုးလွင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

          အဆိုပါတို င်းရင်းဆေးပညာစဉ်ဆက်မပြတ်အသိပညာပေးရေး (CTME)အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဒေသကြီးဦးစီးဌာနမှူး ဦးအောင်သန်းဝင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှုး၊ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာကြီးများ၊ ခရိုင်တိုင်းရင်းဆေးမှူး၊ မြို့နယ်တိုင်းရင်း‌ဆေးမှူးများ၊ တိုင်းရင်းဆေးရုံမှ ဆရာ/ဆရာမများ,စိတ်ပါဝင်စားသူများ စုစုပေါင်း (၄၇)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း