ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (မြိတ်)၌ မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးဆရာ အသင်းတို့ပူးပေါင်းပါဝင်၍ (၉.၉.၂၀၂၅) ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်အသိပညာပေး (CTME)အခမ်းအနား ကျင်းပရာ သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ (ဗဟို)အဖွဲ့ဝင် ဆရာကြီး ဦးတင်ဝင်းမှ ဆောင်ရွက်ပါသည်။ (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံ (မြိတ်)မှ လက်ထောက်တိုင်းရင်းဆေးမှူး ဆရာမဒေါ်ရီရီမွန်မှ အနာ့ပဆုပ်ရောဂါ စာတမ်းကို ဖတ်ကြား တင်ပြပြီး အခမ်းအနားတက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးကြ ပါသည်။