ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၂၅.၈.၂၀၂၅) ရက်နေ့တွင် ဒု-တိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော် ဦးဆောင်သောအဖွဲ့သည် ထားဝယ်မြို့ ဘိုးဘွားရိပ်သာ၌အဘိုး(၂)ဦးနှင့်အဘွား(၈)ဦး စုစုပေါင်း(၁၀)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဟောပြောပြီးဆေးကုသပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။