ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို(၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၂၅.၅.၂၀၂၅)ရက်နေ့တွင် မြိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းနှင့် မြိတ်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန (၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ အအေးမိနှာစေးရောဂါကို ဆေးနံ့သာ တုပ်ကွေးအဖျားပျောက်ဆေးဖြင့်ကုသခြင်းရောဂါစာတမ်းအား ဒုတိယတိုင်းရင်းဆေးမှူး ဆရာမဒေါ်ခင်မာကြူ မှ ပြုစုဖတ်ကြားပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။