တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ၌ မြတ်ခရိုင်တိုင်းရင်းဆေး ဆရာအသင်းနှင့်ပူးပေါင်း၍ (၁၁-၇-၂၀၂၄)ရက်နေ့တွင် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားကျင်းပခဲ့သည်။ သဘာပတိအဖြစ် မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)အဖွဲ့ဝင် ဆရာကြီးဦးတင်ဝင်းက ဆောင်ရွက်ပြီး အဆစ်ရောင် ရောဂါစာတမ်းကို မြိတ်ခရိုင် တိုင်းရင်းဆေးမှူး ဆရာမဒေါ်ဝါဝါမှ စာတမ်းပြုစု ဖတ်ကြား တင်ပြသည်။ အဆိုပါ အခမ်းအနားတွင် (၁၅)ဦး တက်ရောက်ပြီး စိတ်ပါဝင်စားစွာ ဆွေးနွေး ခဲ့ကြသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။