the republic of the union of myanmar

ministry of health

Department of Traditional Medicine

ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကြာတောကျေးရွာမှာ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုလုပ်ငန်း

တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၏ ကျန်းမာရေးလုပ်ငန်းစီမံချက်များအရ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အား ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရှမ်းပြည်နယ်(တောင်ကြီး) ဦးဆောင်မှုဖြင့် စဝ်စံထွန်း အထွေထွေရောဂါကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အမျိုးသမီးနှင့်ကလေးဆေးရုံမှ အထူးကုဆရာဝန်များ ပြည်နယ်တိုင်းရင်းဆေး ပညာဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူပေါင်း၍ ၂၃-၈-၂၀၂၅ နေ့တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကြာတောကျေးရွာမှာ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုလုပ်ငန်းကို အင်းလေးကန် အလိုတော်ပေါက်ဘုရား၌ ပြုလုပ်ရာ လူနာ၁၀၂ဦး အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက် ကုသမှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း