တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၏ ကျန်းမာရေးလုပ်ငန်းစီမံချက်များအရ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အား ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရှမ်းပြည်နယ်(တောင်ကြီး) ဦးဆောင်မှုဖြင့် စဝ်စံထွန်း အထွေထွေရောဂါကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အမျိုးသမီးနှင့်ကလေးဆေးရုံမှ အထူးကုဆရာဝန်များ ပြည်နယ်တိုင်းရင်းဆေး ပညာဦးစီးဌာနမှ တာဝန်ရှိသူများ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူပေါင်း၍ ၂၃-၈-၂၀၂၅ နေ့တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကြာတောကျေးရွာမှာ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုလုပ်ငန်းကို အင်းလေးကန် အလိုတော်ပေါက်ဘုရား၌ ပြုလုပ်ရာ လူနာ၁၀၂ဦး အားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက် ကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



