စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ကန့်ဘလူမှ (၂၁-၁-၂၀၂၆) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်သန်းသန်းလတ်ဦးဆောင်သော ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် ကန့်ဘလူမြို့ မြန်မာ့စီးပွားရေးဘဏ် သို့သွားရောက်၍ ပင်စင်လာ ရောက်ထုတ်ယူကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ရာ အမျိုးသား ကျား (၅၇)ဦး၊ အမျိုးသမီး မ (၈၆)ဦး၊ စုစုပေါင်း (၁၄၃)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။


