စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်ဦးဆောင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည်(၂၂-၉-၂၀၂၅) ရက်နေ့တွင် ကန့်ဘလူမြို့မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူကြသည့် အငြိမ်းစား ဝန်ထမ်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ရာ လူနာ ကျား (၆၄) ဦး၊ မ (၇၆) ဦး၊ လူနာ စုစုပေါင်း (၁၄၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။