the republic of the union of myanmar

ministry of health

Department of Traditional Medicine

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ (၈-၉-၂၀၂၅) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဒေါ်သန်းသန်းလတ် ဦးဆောင်သော ကွင်းဆင်း ဆေးကုသရေးအဖွဲ့သည် ကန့်ဘလူမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များနှင့် ညောင်အိုင်ရပ်ကွက်ရှိ ဒေသခုံ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကွင်းဆင်းဆေး ကုသခြင်းများ ဆောင်ရွက်ခဲ့ကြရာ သံဃာ (၁၁)ပါး၊ အမျိုးသား လူနာ ကျား (၂၄) ဦး၊ အမျိုးသမီး လူနာ မ (၅၈) ဦး၊ စုစုပေါင်း (၉၃) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း