စစ်ကိုင်းတိုင်းဒေသကြီး၊ ရွေဘိုခရိုင်၊ ရေဦးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၇-၁၀-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်း ဆေးမှူးဦးချစ်ကိုကိုသည် ရေဦးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာနှင့် ရာသီတုပ်ကွေးရောဂါ အကြောင်း ကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
