စစ်ကိုင်းတိုင်းဒေသကြီး၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မုံရွာမှ ဆေးရုံအုပ် ဒေါ်တင်နန်းနွယ် ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် (၅-၉-၂၀၂၅) ရက်နေ့တွင် မုံရွာမြို့ဓမ္မရံသီ မိုးကုတ်ဝိပတ်ဿနာတရား ရိပ်သာတွင် ဝါတွင်းတရားစခန်းဝင်ရောက်တရား အားထုတ် နေကြသည့် ယောဂီများအား ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ကြရာ ယောဂီ အမျိုးသား (၃၂)ဦး၊ ယောဂီ အမျိုးသမီး (၄၈) ဦး၊ စုစုပေါင်း (၈၀) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။