စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၈-၁၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ် ဒေါတင်နန်းနွယ် ဦးဆောင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မုံရွာမြို့ ပြည်တော်သာရပ်ကွက် ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။ အကြောတက်ကိုက်ခဲ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဇက်ကျီးပေါင်း၊ ဒူးနာ၊ အဆစ်ရောင်နှင့် အကြောအဆစ်ဒဏ်နာ ရောဂါများကို အထောက်အကူပြုကုထုံးများဖြင့် ကုသမှုပေးခဲ့ရာ ကျား (၈)ဦး၊ မ (၆၄)ဦး၊ လူနာ စုစုပေါင်း (၇၂) ဦး တို့ကို တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှုများပေးနိုင်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



