စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်သောကွင်းဆင်းဆေးကုသရေးအဖွဲသည် (၃၀-၁-၂၀၂၆) ရက်နေ့တွင် မုံရွာမြိုအမှတ် (၂)အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်း ကျန်းမာရေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်များ ဆောင်ရွက်ခဲ့ကြပါသည်။ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သက်ထားဆွေက ဆေးဖက်ဝင်အပင်၅မျိုးအကြောင်းကို အသိ ပညာပေးဟေားပြောခဲ့ရာ ဟောပြောပွဲသို့ (၉၅)ဦး တက်ရောက်ခဲ့ပြီး ဆက်လက်၍ ဆေးကုသမှုဆောင်ရွက်ပေးကြရာ (က) ၄၂ဦး၊ (မ)၄၇ဦး၊ စုစုပေါင်း (၈၉)ဦးကို ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

