စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၅-၁၁-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးစန္ဒာ ဦးဆောင်သော ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် စစ်ကိုင်းမြို့ အ-ထ-က (ရန်နိုင်) ကျောင်းသို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ပြီး စစ်ကိုင်း အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များအား ကျန်းမာရေအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါး ကုသပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြရာ ကျား (၁၇)ဦး၊ မ (၈၆)ဦး၊ စုစုပေါင်း (၁၀၃) ဦးတို့ကို “မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်း” ဟောပြောခြင်နှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

