စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂-၁၀-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးစန္ဒာဦးဆောင်၍ မင်းကွန်းတိုင်းရင်းဆေးရုံမှ တွဲဖက် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဲအိလွင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်သက်မာဦးတို့သည် စစ်ကိုင်းမြို့အခြေခံပညာ အလယ်တန်းကျောင်းခွဲ ဒီဇယ်ကျောင်းသို့ သွားရောက်၍ “အအေးမိ၊ နှာစေးခြင်းအကြောင်းနှင့်ဆောင်ရန်၊ ရှောင်ရန်တို့ကို ကျောင်း ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား (၅၈)ဦး၊ ကျောင်းသူ (၄၇)ဦး၊ စုစုပေါင်း (၁၀၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။