စစ်ကိုင်တိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၉-၁၀-၂၀၂၅) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးစန္ဒာဦးဆောင်သော ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် စစ်ကိုင်းမြို့ရွာထောင်ဘိုးဘွားရိပ်သာသို့ ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ အဘိုး (၁)ဦး၊ အဘွား (၈)ဦး၊ စုစုပေါင်း (၉)ဦး အား တိုင်းရင်းဆေးဝါးများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

