ချင်းပြည်နယ်၊ ဟားခါးမြို့ တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဦးမြင့်ကျော်ဦးနှင့် အဖွဲ့သည် (၁၆-၁-၂၀၂၆) ရက်၊ သောကြာနေ့၊ နံနက် (၁ဝ:၀၀) နာရီမှ နေ့လည် (၁၂:၀၀)နာရီအထိ ဟားခါးမြို့ အ.ထ.က (၁)သို့ သွားရောက်၍ ဒေသပေါက် ဆေးဖက်ဝင်အပင်များနှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦး တက်ရောက်ခဲ့ကြပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၃၂)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




