ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် တိုင်းရင်းဆေး ပညာဦးစီးဌာနနှင့် ထားဝယ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော တိုင်းရင်းဆေး ပညာပေးရေးအစီအစဉ် (CTME) ကို (၂၈-၂-၂၀၂၄)ရက်၊ နံနက်(၁၁)နာရီ၊ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင်သဘာပတိအဖြစ် တိုင်းဒေသကြီးဦးစီးဌာနမှူး(ငြိမ်း) ဆရာကြီးဦးမြင့်သိန်းလွင်မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ထက်ထက်(ဇော်ဂျီနှစ်ပါးဆေးတိုက်)မှဆောင်ရွက်ခဲ့ပါသည်။
ထားဝယ်ခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဆရာမဒေါ်မော်မော်ဝေက အအေးမိ၊ နှာစေး၊ နှာရည်ယိုခြင်း၊ အာသီးရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းစာတမ်းကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများ၊ တက်ရောက်လာသူများမှ စိတ်ဝင်စားစွာ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်သူ(၃၅)ဦးရှိပြီး နေ့လည်(၁)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။