ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်၊ ဘားအံခရိုင်မှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်းတို့သည် (၁၂-၁-၂၀၂၆) မှ (၁၄-၁-၂၀၂၆) ရက်နေ့ထိ ဘားအံမြို့ သာသနာ့ဗိမာန်တွင် ကျင်းပပြု လုပ်သော သာသနာ့မာမကသာသနာ့လင်္ကာရ သာမနေကျော် စာဖြေပွဲတွင် ဆေးခန်းဖွင့်၍ ကျား (၈၈)ဦး၊ မ (၃၆)ဦး၊ လူနာစုစုပေါင်း (၁၂၄)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



